သာစည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

သာစည်   ဩဂုတ်   ၁

 မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင် ၃၁ ရက်နံနက် ၈ နာရီခွဲက  မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်မင်းထူး  ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမြို့နယ် ကိုဗစ် - ၁၉  ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ဆေးထိုးနှံမည့်သူများကို  အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ သွေးပေါင်ချိန် ခြင်းတို့ကို စနစ်တကျဆောင်ရွက်ထိုးနှံပေးလျက်ရှိပြီး ရောဂါအခံရှိသူများ၊ ဆီးချို တက်နေသူများ၊ သွေးတိုးနေသူများနှင့်  နှလုံးနှင့်ပတ်သက်သည့် အမောဖောက်နေသူများအား ဆေးထိုးနှံပေးမည်မဟုတ်ကြောင်းသိရသည်။

 သာစည်မြို့နယ်တွင်  ကာကွယ်ဆေးကို  အသက်အရွယ်ကြီးသူများအား ဦးစားပေးထိုးနှံပေး ခြင်းဖြစ်ကြောင်းသိရပြီး   ကာကွယ်ဆေးမှာ  Sinopharm  အမျိုးအစား ဖြစ်ကြောင်းနှင့် ဆေးတစ်လုံးလျင်  လူနှစ်ဦးဖြင့် လူဦးရေ ၁၆၀၀ ဦးကိုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                       

မြို့နယ်ပြန်/ဆက်