ကျွန်းစုမြို့နယ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)များ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ

ကျွန်းစု   ဩဂုတ်  ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွက်    တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)များ   အလုံးရေ(၂၀၃၀)လုံးအား  အမြန်ရေယာဉ်ဖြင့် သယ်ယူလာပြီး ဇူလိုင်လ  (၃၀)ရက်နေ့နံနက်(၉:၃၀)အချိန်က  မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေး(Sinopharm)သည် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်း ထိုးနှံရပြီး အလုံးရေ(၂၀၃၀) အတွက် လူဦးရေ(၄၀၆၀)ဦးထိုးနှံနိုင်မည်ဖြစ်ပြီး၊ ၎င်းဆေးများကို မြို့နယ်ပြည်သူ့ဆေးရုံ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ခေတ္တသိုလှောင်ထားရှိ၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် အသက်(၆၅)နှစ်နှင့်အထက်၊ ကျန်ရှိသောဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများအားသတ်မှတ်ထားသော  ဆေးထိုးစုရပ်များတွင် ထိုးနှံမည့်အချိန်မှသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျွန်းစုပြန်/ဆက်