ဝမ်းတွင်း ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Simopharm များ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈) နာရီအချိန်မှစတင်ကာ ဝမ်းတွင်းမြို့စည်ပင်သာယာရေးခန်းမစုရပ်တွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Simopharmထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် အသက်(၆၅)နှစ်အထက်ရှိသူများအား ကျန်မာရေးနှင့် အားကစာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ်အဖြစ် Simopharmအလုံးရေ(၈၀၀) ရရှိကာ သက်မှတ်ထားသော စုရပ်များအလိုက် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် Valunteerများအား အယုတ်အလတ်အမြတ်မရွေး နေ့စဉ်နံနက်(၈)နာရီမှ (၁၅)နာရီအထိ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Simopharmထိုးနှံပေးခြင်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် ဌာနဆိုင်ရာများက လှည့်လည် ကြည့်ရှုကြပြီး ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာလိုက်နာပြီး ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေး နှင့်ကာကွယ်ရေးလုပ်ငန်း များတွင်ပြည်သူများအနေဖြင့် ပူးပေါင်ပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှပြောကြားခဲ့ပြီး ပထမနေ့အဖြစ် ဒေသခံပြည်သူ(၆၅)နှစ် အထက်(၈၇)ဦးနှင့် Valunteer(၁၇)ဦး၊ စုစုပေါင်း(၁၀၄)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)