သာကေတ ဇူလိုင် ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားကူးစက်သောလူနာများ၊ အောက်ဆီဂျင် လိုအပ်သောလူနာများမှ အောက်ဆီဂျင်အခက်အခဲမရှိ ရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်း စီမံကောင်ဆီ၏ ညွှန်ကြားမှုဖြင့် မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းပြီး ဇူလိုင်လ(၂၈)ရက်နေ့မှ စတင်ကာ kitajima နှင့် MEC အောက်ဆီဂျင်စက်ရုံတို့မှ ထုတ်ယူရရှိသည့် အောက်ဆီဂျင် 40liter(၂၉)လုံးအား ရပ်ကွက် (၁၉)ရပ်ကွက်အတွင်းရှိ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံသို့ ကနဦး ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ သာကေတမြို့နယ် အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်၏ စီမံကွပ်ကဲမှုဖြင့် kitajimaနှင့် ဧရာစံအောက်ဆီဂျင်စက်ရုံတို့မှ အောက်ဆီဂျင်များ ထုတ်ယူ၍ ဖြန့်ဝေပေးခဲ့ရာ ဇူလိုင်လ(၃၀)ရက်နေ့အထိ 10liter ဆန့် အောက်ဆီဂျင်အိုး(၂၈)လုံး၊ 15liter ဆန့် အောက်ဆီဂျင်(၄၈)လုံး၊ 20literဆန့် အောက်ဆီဂျင်(၈၄)လုံး၊ 40liteဆန့် အောက်ဆီဂျင်(၁၂)လုံး စုစုပေါင်း အောက်ဆီဂျင် (၁၇၂)လုံးအား ပြည်သူများ၏ လက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူးပေးပြီးဖြစ်ကြောင်းနှင့် သာကေတမြို့နယ်အတွင်း အောက်ဆီဂျင်အမှန်တကယ် လိုအပ်နေသည့် ပြည်သူများမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ အောက်ဆီဂျင်များ ထုတ်ယူရရှိနိုင်ကြောင်း မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူ ပြုကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်ထံမှသိရှိရသည်။