ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကော့ကရိတ် ဇူလိုင် ၃၁ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့ရာ ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုများအတွက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းထားသည့် စားသောက်ကုန်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များက ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာများရှိ ရေဘေးရှောင် စခန်း(၆)ခုမှ ရေဘေးရှောင်အိမ်ထောင်စု (၂၀၄)စု၊ လူဦးရေ (၁၀၁၀) ဦးတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀နှုန်းတန်ဖိုးရှိ ရွှေဘိုပေါ်ဆန်းမွှေး (၆)ပြည်အိတ်နှင့် ငါးသေတ္တာ (၁၀)ဗူး စုစုပေါင်းငွေကျပ် (၃၀၆၀၀၀၀)အား ထောက်ပံ့အပ်ခဲ့ပြီး ကော့ကရိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးမှ အထက (၁)နှင့် မူလွန် (၆)ရေဘေးရှောင်စခန်းများရှိ အိမ်ထောင်စု (၂၃)စု လူဦးရေ (၁၀၁)ဦးတို့အတွက် တစ်ဦးလျှင် ဆန်ရိက္ခာ ဖိုးငွေ ကျပ် ၂၁၀၀နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၁၂၁၀၀)ကို ထောက်ပံ့ပေးအပ်ရာ ရေဘေးရှောင် ပြည်သူများက လက်ခံရယူခဲ့ကြသည်။ စောအောင်မျိုးလွင