မချမ်းဘော့မြို့၌ PPE ၀တ်စုံစနစ်တကျ၀တ်နည်း၊ ချွတ်နည်း၊ တို့ဖတ်ယူနည်း ကျွမ်းကျင်မှုအတွက် သင်တန်း (Training) ဖွင့်လှစ်

မချမ်းဘော့ ဇူလိုင် ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ Volunteer စေတနာ့၀န်ထမ်းများအား PPE ၀တ်စုံစနစ် တကျ၀တ်နည်း၊ ချွတ်နည်း၊ တို့ဖတ်ယူနည်းကျွမ်းကျင်မှုအတွက် သင်တန်း(Training)ကို ဇူလိုင် (၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန် မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ လက်ရှိ Volunteer စေတနာ့၀န်ထမ်းများ၊ မချမ်းဘော့မြို့နယ်ရှိ ကျေးရွာများမှ ရွေးချယ်ထားသော Volunteer အဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက်ရည်ရွယ်၍ မချမ်းဘော့မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး၀န်ထမ်းများမှ PPE ၀တ်စုံကို စနစ် တကျ ၀တ်ဆင်နည်း၊ ၀တ်စုံချွတ်နည်းနှင့် တို့ဖတ်ယူနည်းများကို လက်တွေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရွေးချယ်ထားသည့် Volunteer အဖွဲ့အား ထောက်ပံ့ငွေ ၅၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ မချမ်းဘော့မြို့နယ်တွင် ၃၁-၇-၂၀၂၁ရက်နေ့အထိ ပိုးတွေ့လူနာ ၆-ဦး၊ စောင့်ကြည့်လူနာအဖြစ် ၁၄ဦးနှင့် ဆေးရုံဆင်းခွင့်ရသူမရှိသေးကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်