ဝိုင်းမော်မြို့နယ်၌ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၇၀)ဦးထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မူများ ဆက်လက်ဆောင်ရွက်

                                                                                                ဝိုင်းမော်  ဇူလိုင် ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် သီးသန့်ထားစောင့်ကြည့်ကုသပေးသွားမည့် ရပ်ကွက်- ၁၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကိုကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူများကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီအချိန်က ရှင်းလင်းဆောင်ရွက် ခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများ ပိုမိုများပြားလာသည့်အတွက် ဝိုင်းမော် ပြည်သူ့ဆေးရုံ၊ မြို့နယ်အားကစားခန်းမ(ယာယီ)ဆေးရုံ၊ လော်ဝေါ်ယဉ်ကျေးမူခန်းမ(ယာယီ)ဆေးရုံတို့

တွင်ထားရှိရမည့်အရေအတွက်ထက် ပိုမိုထားရှိနေသည့်အတွက် (ယာယီ)ဆေးရုံအဆောင်ကို  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ စာမသင်နှစ်ထပ်ကျောင်းဆောင်အား ပိုးတွေ့အတည်ပြု လူနာ (၇၀) ဦးထားရှိနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကြည်ထွန်း ဦးဆောင်မူဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များတို့နှင့်ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ထိ ကိုဗစ်−၁၉ ရောဂါ အတည်ပြုလူနာ(၃၆၁)ဦး၊ လက်ရှိဆေးရုံတက်သူ(၁၈၈)ဦး၊ ပြန်လည်ကျန်းမာလာ၍ ဆေးရုံဆင်းခွင့်ရသူ(၁၆၃)ဦး၊ သေဆုံးသူ(၉)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ခိုင်သက်မွန်