ဗိုလ်တထောင်မြို့နယ်အတွင်း အောက်စီဂျင်အမှန်တကယ်လိုအပ်နေသူများကို အောက်စီဂျင်အိုးများ အခမဲ့ဖြန့်ဝေ

ရန်ကုန်  ဇူလိုင်  ၂၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ရှိသူလူနာများ အောက်စီဂျင်လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့ ညနေ ၃နာရီအချိန်မှ စတင်၍ အမှတ်(၄)ရပ်ကွက်၊ (၅၄)လမ်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသောအိမ်ထောင်စု (၁၅)စုအား မြို့နယ်အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူ​ပြု ကော်မတီ​၏ ကြီးကြပ်မှုဖြင့်   လီတာ (၃၀)ဆံ့ အောက်စီဂျင်(၁)အိုး၊ လီတာ(၁၅)ဆံ့ အောက်ဆီဂျင်(၅)အိုးနှင့် လီတာ(၁၀)ဆံ့ အောက်ဆီဂျင်(၉)အိုးတို့အား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)