ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) များစနစ်တကျ တပ်ဆင်နိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်

                                                                                        ဇမ္ဗူသီရိ ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်မှူး ကျော်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် အများပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် အောင်ဇမ္ဗူရပ်ကွက်၊ ပြန်ကပြေးဈေးနှင့် နေပြည်တော်ကောင်စီလမ်း၊ စစ်ဆေးရေးဂိတ်တို့တွင် (Mask) တပ်ဆင် သွားလာခြင်း မရှိသူများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် (Mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ငွေ ပေးဆောင်စေပြီး ပထမအကြိမ်သတိပေးကာ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။