တပ်ကုန်း ဇူလိုင် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာအုပ်စု၊ စိန်ပန်းပင် ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ မတည်ရန်ပုံငွေများ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ စာသင်ကျောင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း၏ ဒုတိယနှစ်စက်ဝန်းအဖြစ် ကျေးရွာအတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၄၆)ဦးအတွက် ငွေ ကျပ်(၁၃၈)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၆၇)ဦးအတွက်ငွေကျပ်(၁၃၄)သိန်း၊ ရေလုပ်င န်းလုပ်ကိုင်သူ(၁၀)ဦးအတွက် ငွေကျပ်(၂၀)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၆)ဦးအ တွက် ငွေကျပ်(၁၉)သိန်း၊ ၅သောင်း၊ စုစုပေါင်းအသင်းသူ၊ အသင်းသား(၁၂၉)ဦး၊ ကျေးရွာမတည် ရန်ပုံငွေပေါင်း ကျပ်(၃၁၁)သိန်း၊ ၅သောင်းအား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်