လိပ်သို ဇူလိုင် ၂၇
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသ ကျေးရွာအုပ်စုများရှိ ကျေးရွာများ၌ ပြည်သူများမှ ဆောင်ရွက် လျက်ရှိသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအား မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ ယနေ့ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လိပ်သိုမြို့အတွင်းရှိ ကျေးရွာနေဒေသခံပြည်သူများက ရွာ အ၀င်/အထွက်များတွင် ပြည်သူ ပူးပေါင်းပါ၀င်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ကိုဗစ်-၁၉ စစ်ရေးဂိတ်များ၌ ကိုယ်ပူချိန် တိုင်းခြင်း၊ Mask စနစ်တကျ တပ်ဆင်စေခြင်း ၊ ကိုယ်ထူကိုယ်ထ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ထားရှိခြင်း၊ လူအ၀င်/အထွက် ကန့်သတ်ထိန်းချုပ်လျက်ရှိခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်စုများရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် မှ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)