ကွမ်းလုံမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကွမ်းလုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများကို မနေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကွမ်းလုံမြို့နယ်အတွင်း  ကွမ်းလုံမြို့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (mask) များ တပ်ဆင်ကြရန်၊ မလိုအပ်ဘဲ ပြင်ပထွက် ခွာခြင်းမပြုကြရန် ၊ လူစုလူဝေး နေရာများ ရှောင်ရှားကြရန် ၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန် ၊ နှာခေါင်းစည်း (mask) မတပ်ဆင်သူများနှင့် တွေ့ဆုံစကား ပြောခြင်းမှ ရှောင်ကြဉ်ပါ၊  တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ကြရန်နှင့် မိမိတို့၌ ရောဂါကူး စက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန် ၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကိုကာကွယ်တားဆီး   ထိန်းချုပ်နိုင်ရေး မိဘပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်အောင်