လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် PPE နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

လှည်းကူး ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်ကြယ်တစ်ပွင့်ဆရာတော်(ရှမ်းရွာ)မှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းမှုတွင် လူမှု့ကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီသူနာပြု စေတနာ့လုပ်အားရှင်များ အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံ(၁၅)စုံ၊ နှာခေါင်းစည်း Mask (၃)ဘူး၊ တစ်ခါသုံးလက်အိတ်(၁)ဘူး၊ ခေါင်းစွပ်(၂၅)ခုနှင့် Vitamin -C ဆေးပြား(၅၀၀)ပါတစ်(၁)ဘူးတို့ကို လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များက မြို့နယ်အတွင်း၌ လတ်တစ်လော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်လျက်ရှိပြီး    လူမှုကရုဏာပြု လုပ်ငန်းများအတွက် အရေးပေါ် ဖုန်း        ၀၉-၄၄၄၅၉၂၀၅၉ နှင့်  ၀၁၈-၆၂၉၆၆၂ တို့သို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

လှည်းကူး(ပြန်/ဆက်)