လှိုင်းဘွဲ ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်ရေ ကျဆင်းလာ သဖြင့် လှိုင်းဘွဲချောင်း၏ စိုးရိမ်ရေအမှတ်(၉၈၀)စင်တီမီတာမှ(၁၀၄၀)စင်တီမီတာသို့ ရောက်ရှိပြီး မြို့ပေါ်ရှိရပ်ကွက်အချို့တွင် ရေများဝင်ရောက်လာသဖြင့် အိမ်ထောင်စုများ ပြောင်းရွေ့နေရာချထားပေး ကြောင်း သိရသည်။
အဆိုပါပြောင်းရွေ့နေရာချထားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း/တပ်ဖွဲ့များ၊ မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (လှိုင်းဘွဲ)နှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်၊ ကုန်သည်လမ်းရှိ မြို့မဂျာမေဗလီရေ ဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၃၇) စု၊ ကျား(၇၅)ဦး၊ မ(၁၀၅)ဦး၊ပေါင်း (၁၈၀)ဦး၊ အောင်ဆန်းခန်းမရေဘေး ကယ်ဆယ် ရေးစခန်းတွင် အိမ်ထောင်စု (၂၆) စု ကျား(၆၂)ဦး၊ မ(၈၆)ဦး၊ စုစုပေါင်း(၁၄၈)ဦး၊ ကမော့ကချူးကျေးရွာ၊ အခြေခံပညာ အထက်တန်း(ခွဲ)ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၈) စု၊ ကျား(၁၈)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၇)ဦး နှင့် ကမော့ကချုးကျေးရွာ၊ Cyclone Shutter ရေဘေး ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၁၇) စု ကျား(၄၆)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း (၉၁)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အသီးသီးပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)