ဒဂုံတောင် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၁၀၆) ရပ်ကွက် လှော်ကားလမ်းနှင့် ရိုးမရိပ်သာလမ်းရှိ အောင်မြင့်မိုရ်အိမ်ရာ ဓမ္မာရုံတွင် ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဌာန Test Centerဖွင့်လှစ်မည့်နေရာအား ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၀မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှုခဲ့သည်။
ထိုသို့လာရောက်ရာတွင် ပြည်သူလူထုအခြေပြု ရောဂါရှာဖွေဌာနTest Center ဖွင့်လှစ်မည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးမှ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ Volunter များနှင့် တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)