ဘားအံ ဇူလိုင် ၂၇
ကရင်ပြည်နယ် ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက် အနိမ့်ပိုင်း ရပ်ကွက်များရှိ နေအိမ်များသို့ ရေများဝင်ရောက်လျက် ရှိကြောင်းသိရသည်။
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၌ အနိမ့်ပိုင်းရှိ နေအိမ်များသို့ ရေများဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ အမှတ်(၁) ရပ်ကွက် အုတ်ဖို(၃)လမ်းပေါ်တွင် ရေ(၃)ပေခန့်၊ အချို့ရပ်ကွက်များတွင် ရေ(၂)ပေခန့် လမ်းပေါ် ရေကျော် နေလျက် ရှိ ကြောင်း သိရသည်။
ဘားအံမြို့သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ( ၇၅၀)စင်တီမီတာဖြစ်ပြီး ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအ ချိန်ထိ တိုင်းတားချက်အရ သံလွင်မြစ်ရေမှာ(၆၆၉) စင်တီမီတာရှိပြီး မိုးရေချိန်လက်မ (၇.၀၁) လက်မ ရှိကြောင်း ကရင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။