ကော့ကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များရေဝင်ရောက်နစ်မြုပ်လျက်ရှိ

​​ကော့ကရိတ် ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာမိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့်မြို့ပေါ်ရပ်ကွက်အမှတ်()၊အမှတ်()၊အမှတ်(၆) ရပ်ကွက်နှင့်ကျုံဒိုးမြို့အမှတ်()၊အမှတ်()ရပ်ကွက်ရှိမြေနိမ့်ပိုင်းတွင် ရေများဝင်ရောက်ပြီး အဆိုပါမြေနိမ့်ပိုင်းတွင် နေထိုင်လျက်ရှိ သည့် လူနေအိမ်များသို့ ရေဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါရေများဝင်ရောက်မှုအခြေအနေကို ယနေ့ညနေ၃နာရီချိန်က ကောကရိတ်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။

ရေကြီးရေလျှံခြင်းရေများထပ်ဝင်ရောက်လာပါက စည်ပင်သာယာရေး၊ မီးသတ်ဦးစီးဌာန၊ တပ်မတော်တို့မှကူညီ​ဆောင်ရွက်​ပေးရန်အတွက်အသင့်​စောင့်ဆိုင်းလျက်ရှိ​ကြောင်းသိရသည်။

ရေများဝင်ရောက်နစ်မြုပ်လျက်ရှိသည့်မြေနိမ့်ပိုင်းသည် နှစ်စဉ်မိုးရာသီကာလ၌ ရေဝင်ရောက် နစ်မြုပ် လျက်ရှိကြောင်း၎င်း‌နေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်မှုကြောင့် တစ်ချို့သော အိမ်ထောင်စုများသည် ရေလွတ်ရာ နီးစပ်ရာ​ဆွေမျိုးနေအိမ်များသို့  ပြောင်းရွေ့နေထိုင်လျက် ရှိကြသည်။ အဆိုပါမိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့်​ လက်ရှိတွင်​ဟောင်သ​ရောမြစ်​ရေအမှတ် ၅၁၈စင်တီမီတာရှိပြီးစိုးရိမ်​ရေမှတ်မှာ ၅၆၀စင်တီမီတာ ဖြစ်​ကြောင်းသိရသည်။

ထိုပြင်ကိုဗစ်.၁၉ရောဂါပိုးတွေ့လူနာများထားရှိသည့် အမှတ်()ရပ်ကွက်ဆောက်လုပ်ရေး အိမ်ယာQuarantineမှပိုးတွေ့လူနာ()ဦးအားရေများတက်လာပါကတိမွေးကုQuarantineစခန်းသို့ပြောင်းရွေ့ထားရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စီစဥ်​ဆောင်ရွက်ထား​ကြောင်း သိရသည်။

ခင်မျိုးဝင်း