မိုးညှင်း ဇူလိုင် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုံးပိတ်ရက်အား ဇူလှိုင်လ(၂၆)ရက်နေ့မှ ဩဂုတ်လ(၁) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ဇူလိုင်လ(၂၆) ရက်နေ့တွင်မိုးညှင်မြို့ရှိ မြန်မာ့စီးပွား ရေးဘဏ်မှ ဝန်ထမ်းများသည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို အဆင်ပြေ ချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် အထက(၁) အောင်ဆန်းခန်းမ၌ ထုတ်ပေးလျက်ရှိ ကြောင်း သိရှိရပါသည်။
အဆိုပါ ပင်စင်စားများကို (၂၆)ရက်နေ့မှစ၍ တစ်နေ့လျှင်(၄၀၀) ဦးထုတ်ပေးမည် ဖြစ်ကြောင်း နှင့် အငြိမ်းစားပင်စင်စား စုစုပေါင်း(၁၇၅၃) ဦးရှိကြောင်း ကိုဗစ်-၁၉စည်းကမ်းများနဲ့အညီ ထုတ်ပေးလျက်ရှိကြောင်းကို မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မြတ်မြတ် ကျော်မှ ပြောကြားခဲ့သည်။