ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်နေ သော ၃၃ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်း

ညောင်ဦး  ဇူလိုင်  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ဦး ကျန်းမာရေးကောင်း မွန်သဖြင့် ယနေ့ နံနက် ၈နာရီ မိနစ် ၃၀ အချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍ တက်ရောက်ဆေး ကုသမှုခံယူနေသော ညောင်ဦးမြို့နယ်မှ ၃၃ဦးအား ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆေးရုံဆင်းခွင့်ပြုရာ၌ ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့က အား‌ပေး စကားပြောကြားပြီး ကြက်ဥ ၊Mask ဘူးနှင့် အချို ရည်ကတ်များ လက်ဆောင်ပေးအပ် သည်။ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၃ ဦးအား မိမိတို့ အိမ်ပြန်လည် ရောက်ရှိသည့်အခါ Home Quarantine ခုနှစ်ရက်နေထိုင် ရမည်ဖြစ်ကာ မိမိတို့ အသုံးအဆောင်များ တပါးသူမသုံးစေပဲ သီးသန့်နေထိုင်သုံးစေရေးတို့အား ဒေါက်တာ အောင်မြင့်ထွန်းက ဆက်လက်မှာကြားသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကု သမှုခံယူနေသူ ၅၃ဦး ရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ၂၂ဦး သေဆုံးကာ ‌ကျန်းမာရေးကောင်းမွန်သဖြင့် ၃၃ဦး ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရကာ စုစုပေါင်း ၁၀၈ ဦးရှိကြောင်းသိရသည်။

မောင်မောင်ထိန်