မချမ်းဘော့မြို့အေဂျီအသင်းတော်ပိုင်လယ်ကွက်၌ သိပ္ပံနည်းကျ အတန်းလိုက် ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုး

မချမ်းဘော့     ဇူလိုင် ၂၆

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို၌ မချမ်းဘော့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ -ခုနှစ်မိုးစပါးမျိုးစေ့ထုတ်လုပ်ပြီး တောင်သူများအားမျိုးကောင်းမျိုးသန့်အထွက်တိုးမျိုးစပါးဆင်းဧကရီ-၃(၂) ဧကအား ဇူလိုင် ၂၆ရက်နံနက်၈နာရီမှစတင်၍ မချမ်းဘော့မြို့အေဂျီအသင်းတော်ပိုင်လယ်ကွက်၌ စိုက်ပျိုးသည်။

 

အဆိုပါမိုးစပါးမျိုးစေ့ထုတ်လုပ်ပြီး စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးရာတွင် ပျိုးသက်(၂၁)ရက်သားတွင် ပျိုးနုတ်၍ မြေပြုပြင်ထားရှိသောစိုက်ခင်းသို့ တန်းကြားရှစ်လက်မ  ပင်ကြားခြောက်လက်မ လက်စနှစ်ပင်သုံးပင် နှင့်သိပ္ပံနည်းကျတန်းလိုက် ကြိုးတန်းစနစ်ဖြင့်စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦး၀င်းမောင်က ပြောကြားသည်။

ထို့ပြင်မိုးစပါးစိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်ရန်လိုအပ်ခြင်း၊ပေါင်းမြက်ကင်းရှင်းရန်လိုအပ်ခြင်း၊ မြေခံမြေဩဇာထည့်သွင်းရန်လိုအပ်ကြောင်းနှင့်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများကိုယ်ပိုင်မျိုးစေ့ ထုတ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့်တောင်သူအချင်းချင်းမျိုးဖြန့်ဖြူးပေးနိုင်ရန်၊မျိုးအလွယ်တကူအချိန်မီရရှိစေရန် ရည်ရွယ်ချက်ဖြင့်စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်‌ကြောင်းသိရသည်။