ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်မှုများ ဆောင် ရွက်

ပင်းတယ  ဇူလိုင်  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများလိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို နေ့စဉ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဟော်ကုန်းရပ်ကွက်၊ ပေါက်တောရပ်ကွက်နှင့် ရေဖြူကျေးရွာသို့ လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် သရက်ကုန်းကျေးရွာနှင့် ရေချမ်းစင်ကျေးရွာတို့တွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေ့စဉ် နံနက်တစ်ကြိမ် ညတစ်ကြိမ် အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် နေအိမ်တွင် သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် မိမိလည်းအခြားသူများထံမသွားရန်၊ အပြင်ထွက်လျှင်Mask စနှစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ကိုင်တွယ်ခြင်း မပြုရန်၊ လေဝင်လေထွက်မကောင်းသော အခန်း၊ နေရာများကို ရှောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း Mask ကိုအပြင်တွင်စွန့်ပစ်ပြီး ကိုယ်လက်သန့်စင်ပြီးမှသာ အိမ်သား များ နှင့်ထိတွေ့ရန်၊ သက်ကြီးရွယ်အိုနှင့်ရောဂါအခံရှိသူများကို ဂရုစိုက်ရန်၊ ရောဂါဖြစ်ကြောင်း သံသယရှိပါက ကျန်းမာရေးစစ်ဆေးမှုခံယူရန် စသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်း များကို နှိုးဆော်အသိပေးလျက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနှင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။