ထီလုံကျေးရွာနှင့် ကုလားကုန်းကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး ရေကျော်မှုဖြစ်ပွား

လှိုင်းဘွဲ    ဇူလိုင်    ၂၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ထီလုံကျေးရွာနှင့် ကုလားကုန်းကျေးရွာကြား လှိုင်းဘွဲ-ဘားအံကားလမ်းမကြီး မိုင်တိုင်အမှတ်၂၀ကီလိုမီတာ နှင့် ၂၁ကီလိုမီတာအကြားတွင် ယမန်နေ့နံနက်ပိုင်းက ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ ကားလမ်းမကြီးနေရာသည် နှစ်စဉ် မိုးရာသီတွင် ကားလမ်းရေကျော်မှုဖြစ်ပွားလေ့ ရှိရာ  ယမန်နေ့နံနက်ပိုင်းအချိန်တွင်  ကားလမ်းမကြီးပေါ်သို့  တစ်ပေခွဲခန့်  လမ်းရေကျော်မှုဖြစ်ပွားပြီး  ယာဉ်များဖြတ်သန်းသွားလာလျက်ရှိပြီး လမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိ

စေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများတို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်ထီလုံကျေးရွာရှိရေဘုတ်ဆည်ရေလှောင်တမံအမှတ် ၆၃.၀၀ လက်မအထက်၆၅.၈၀လက်မအထက်သို့ရောက်ရှိနေသဖြင့်ပိုလျှံသည့်ရေများအားရေပိုလွှဲမှ ထုတ်လွှတ်ပေးလျက် ရှိကြောင်း သိရသည်။