ချမ်းမြသာစည်လေဆိပ်အတွင်း Covid ကုသရေး CENTER ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေး ဇူလိုင်လ ၂၆

ချမ်းမြသာစည်လေဆိပ်အတွင်း ကိုဗစ်-၁၉ ကုသရေး CENTER ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေမှ ကိုဗစ်-၁၉ ကုသရေး Center ဖွင့်လှစ်ရသည့် အကြောင်းရင်းအား ရှင်းလင်းတင်ပြပြီး အလယ်ပိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရေ ပက်ဖျန်းဖွင့်လှစ် ပေးကာ COVID CENTER အား လှည်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အလယ်ပိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက ်ခဲ့ကြသည်။ ယင်းကိုဗစ်ကုသရေးစင်တာတွင် တစ်ရက်လျှင် Mild & Moderate Cases လူနာအယောက် (၃၀) နှုန်းဖြင့် နေ့စဉ် လက်ခံသွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ကိုဗစ်အတည်ပြု လူနာများကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ တိုင်းရင်းဆေးရုံ၊ အလုပ်သမားဆေးရုံ ၊ သံဃာ့ဆေးရုံ(၆၂-လမ်း)၊ သံဃာ့ဆေးရုံ(ကန်တော်ကြီး) အမျိုးသမီးဆေးရုံ၊ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံ ၊ ကင်ဆာဆေးရုံ စသည့် နေရာ(၅)ခုတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး ကုတင် ၃၀၀ ဆံ့ အရိုးအထူးကုဆေးရုံကိုလည်း ထပ်မံတိုးချဲ့ ကုသနိုင်ရန် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည် ။

ထိပ်ထားနိုင်