နမ့်စန်(တ) ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာခြင်း မရှိစေရန်နှင့်ထိန်းချုပ်ကာကွယ်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး/သတိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပေးနှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ကုသထိန်းချုပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့ကဦးဆောင်၍၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က ပြည်ထောင်စု လမ်းမကြီးတလျှောက်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ကာ အသံချဲ့စက်ဖြင့် မိမိတို့နိုင်ငံ အတွင်း ကိုဗစ်-၁၉ရောဂါဆိုးကြီးသည် လျင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေပါသဖြင့်လူအများ ဒုက္ခဆင်းရဲများဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျက်ရှိပါကြောင်းနှင့် ထိရောက်စွာကုသ ထိန်းချုပ် နိုင်ရန်အလွန် အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆိုပါ ရောဂါဆိုးကြီးကို လျင်မြန်စွာအချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ် ကြောင်း၊ သို့ဖြစ်၍မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာရောဂါကွင်းဆက် ပြတ်တောက် မှာဖြစ်ကြောင်း ၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မ ခံရန်နှင့် မိမိ တို့ကလည်း အခြားသူများထံသွားရောက်ခြင်းမပြုရန် ၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန် ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာ နေရန် ၊ Mask မတပ်သူများနှင့် တွေ့ဆုံစကားပြောခြင်း ၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန် ၊ လူစုလူဝေးဖြင့်သွားလာခြင်းကို ရှောင်ကျဉ်ရန် ၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မကြာခဏဆေးရန် ၊ လက်မဆေးခင် ပါးစပ် ၊ နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရန် ၊ လေဝင် လေထွက်မကောင်းသော အခန်းများကို ရှောင်ကျဉ်ရန်၊ မိမိတို့နေအိမ်များကို ပြုတင်း တံခါး များဖွင့်ပြီး လေဝင်လေထွက်ကောင်း အောင်ပြုလုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ ၊ အများ တကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ ကိုအပြင်တွင် စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း ၊ အကယ်၍မိမိတို့၌ရောဂါပိုး ကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးမှုခံယူကြရန် နှင့် ကိုဗစ်ကပ်ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြပါရန် တို့ကိုအသိပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)