ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေး

နေပြည်တော် ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်းရှိ ပုဗ္ဗသီရိမြို့၊ရွာတော် အထက(၃)တွင် ယနေ့မှ စတင်၍ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိ ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် လာရောက်စစ်ဆေးခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်၊ ဦးသန်းငွေတို့မှ ကြိုဆိုခဲ့ကြကာ ကာကွယ်ဆေးထိုးနှံနေမှုအား တိုင်းမှူးမှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။ မနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဌာနများမှ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုး နှံရန်ကျန်ရှိသည့် ဝန်ထမ်း (၅၈၄)ဦးကို ထိုးနှံပေးမည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဝန်ထမ်း (၁၀၄၈) ဦးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ မကြာမီကာလအတွင်း ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်တိုးမြှင့် ထိုးနှံပေးသွားမည့် ဖြစ်ကြောင်း နေပြည်တော်ကောင်စီမှ သိရှိရသည်။

ခရိုင် ပြန်/ဆက်