ဒေါပုံ ဇူလိုင် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ယမန်နေ့မှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှု ဖြင့် အောက်ဆီဂျင်မျာ းအခမဲ့ဖြန်ဖြူးပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ဒေါပုံမြို့နယ်အတွက် အောက်ဆီဂျင်လီတာ ၄၀ အိုး ၁၀ အိုးရရှိခဲ့ရာ ၁၀လီတာ အိုး၊ ၁၅လီတာအိုးသေးများအတွင်းသို့သွင်း၍တန်းစီဇယားအတိုင်းမြို့နယ်အတွင်းနေထိုင်သူများအမှန်တကယ်လိုအပ်သော ကိုဗစ်-၁၉ ရောဂါဝေသနာရှင်များအတွက်သက်ဆိုင်ရာရပ်ကွက် ထောက်ခံချက်နှင့်အတူ အောက်ဆီဂျင်ထုတ်ယူရာတွင်ယူဆောင်လာရမည့် စာရွက်စာတမ်းများ၊ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင်အမှန်တကယ်အရေးပေါ်လူနာအခြေအနေဖြစ်ပေါ်နေပြီး အောက်ဆီဂျင်ထုတ်ယူရန်သက်ဆိုင်ရာစာရွက်စာတမ်းယူဆောင်ရန်အခက်အခဲဖြစ်ပေါ်နေပါကဖြေလျှော့စိစစ်ပြီးအောက်ဆီဂျင်ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း လည်းသိရသည်။ ဒေါပုံမြို့နယ်တွင် ရပ်ကွက် (၁၅) ရပ်ကွက် ရှိပြီး နွယ်အေးဗလီ၊ အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း၊ ဗိုလ်ထွန်းဇံလူမှုကူညီရေးအသင်းတို့တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် အောက်ဆီဂျင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးမှ သိရှိရသည်။
ခင်မာဝေ