ပလောက် ဇူလိုင်လ ၂၆
ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပလောက်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာရဲမြင့်ဟိန်းနှင့် တွေ့ဆုံ၍ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက မေးမြန်းခဲ့သည်။
မေး။ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ များနှင့်ပတ်သက်ပြီးတော့ ပြောပြပေးပါရှင်။
ဆရာဝန်။ ပလောက်မြို့၌ (၂၄-၇-၂၀၂၁)ရက်နေ့အထိကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနေဖြင့် အတည်ပြုစစ်ဆေးတဲ့လူနာ(၄)ယောက်ရှိပါတယ်။ အားလုံးကတော့အခံရောဂါမရှိဘူး၊ နောက်ပြီး တော့ အမျိုးသမီးလူနာတွေဘဲ့ဖြစ်ပါတယ်၊ အခုသူတို့တွေကို ကျွန်တော်တို့ ပလောက်တိုက်နယ် ဆေးရုံအထူးကြပ်မတ် ဆောင်မှာကုပေးလျက်ရှိပါတယ်၊ ဖြစ်တဲ့လက္ခဏာ တွေကတော့ အနံ့ပျောက်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းဘဲ့ရှိပါတယ်အရမ်းမောပြီး အောက်ဆီဂျင်ရှူရတဲ့ အထိမရှိ သေးပါဘူး၊ လက်ရှိအခြေအနေအထိတော့ နေကောင်းကျန်းမာပါတယ်။
မေး။ ပလောက်မြို့တွင် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှု အခြေအနေများကို လည်းပြောပြပေးပါ ဆရာရှင်။
ဆရာဝန်။ ကြိုတင်ကာကွယ်ရေးအနေဖြင့် ထုံးစံအတိုင်းအသိပေး/သတိပေးခြင်း၊လက်ကမ်း စာစောင်ဖြန့် ဝေခြင်း၊ တတ်နိုင်သမျှလူစုလူဝေးမလုပ်ဖို့သတိပေးခြင်း၊ အသိပေးခြင်း၊ Mask တပ်စေခြင်း၊ အပြင်ကပြန်လာပြီးတိုင်း လက်ဆေးစေခြင်းကို လည်းအချိန်နှင့်အမျှနေ့တိုင်း နီးပါး မြို့ကိုဗစ်ကော်မတီနှင့် ပူးပေါင်းပြီးကွင်းဆင်းစစ် ဆေးခြင်း တို့ဆောင် ရွက်နေပါတယ်၊
မေး ။ ပလောက်မြို့တွင်ရောဂါလက္ခဏာ မခံစားရဘဲ အနံ့ပျောက်ခြင်းအခြေအနေနှင့်ရောဂါ လက္ခဏာပြ ဝေဒနာ ခံစားရတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါရှင်။
ဆရာဝန် ။ ပလောက်မြို့အနေနှင့်ရောဂါလက္ခဏာမခံစားရဘဲ့အနံ့ပျောက်နေတဲ့ လူနာ လေးငါး ဦးလောက် ရှိပါတယ်ခင်ဗျာ ၊သူတို့တွေကိုလည်းတတ်နိုင်သမျှ အိမ်မှာ(၁၄)ရက်သီးသန့်နေပေးဖို့ မေတ္တာရပ်ခံ ညွှန်ကြားထား တာမျိုးလဲရှိပါတယ်ခင်ဗျာ။ ရောဂါလက္ခဏာပြပြီး ဝေဒနာမခံစားရဘဲ အခြေအနေကတော့ခုနကပြောသလိုမျိုး ကိုဗစ်အတည်ပြုလူနာ (၄)ဦးကျွန်တော်တို့ ဆေးရုံမှာ လက်ရှိကုသပေးနေပါတယ်ခင်ဗျာ။
မေး။ ပလောက်မြို့အနေနှင့် အောက်ဆီဂျင် ရရှိမှု အခြေအနေကို လည်း သိပါရစေဆရာရှင် ။
ဆရာဝန်။ ပလောက်မြို့တိုက်နယ်ဆေးရုံ အနေနှင့် အောက်ဆီဂျင်ရရှိမှု အနေအထား ကတော့(၁၀)လီတာဆံ့ အောက်ဆီဂျင်(၂၅)လုံးနှင့်(၄၀)လီတာဆံအောက်ဆီဂျင် (၅) လုံးအဆင်သင့်ပြင် ထားပါတယ်ခင်ဗျာ့။ ဒီအောက်ဆီဂျင်ရရှိမှုအတွက် ကိုလည်း မြိတ်မြို့ ကနေပြီးတော့ အောက်ဆီဂျင်ဖြည့်သွင်းဖို့ ဟိတကာရီလူမှုကူညီရေး အသင်းနှင့် ့ပူးပေါင်းဆောင်ရွက်ထားဖို့ရှိ ပါတယ်ခင်ဗျာ။
မေး ။ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးအနေဖြင့် လိုအပ်ချက်များ ဘာများရှိပါ သလဲဆရာ။
ဆရာဝန်။ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေးအနေဖြင့် လိုအပ်ချက်များကတော့ တတ်နိုင်သမျှတော့ ဒီကိုဗစ်လူနာထပ်တွေ့ခဲ့လို့ရှိရင် သံသယလူနာထားသည်ဖြစ်စေ ၊ ထားဖို့အတွက် ဖြစ်စေ ၊ Positive လူနာထား ဖို့အတွက်ဖြစ်စေ Quarantine Centre များကိုလည်း ပြည့်ပြည့်စုံစုံ ထပ်ပြီးတော့ဖွင့်နိုင်ရင်ပို ကောင်းမယ်လို့တော့ ကျွန်တော့် အနေနှင့်ပြောလိုပါတယ်ခင်ဗျာ့။
မေး။ ဆရာအနေနှင့် အခြားအသိပေး/သတိပေးစရာများရှိပါသလားရှင်။
ဆရာဝန်။ ကျွန်တော့်အနေနှင့် နောက်ဆုံးအနေနှင့် သတိပေး/ အသိပေးပြောလိုတာကတော့ ရောဂါဖြစ်မှကုသတာ ထက်ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း၊ နောင်မဖြစ်အောင် ရှောင်ကြဉ်ခြင်း အပိုင်းတွေနှင့်ပြောချင်ပါတယ်၊ နံပါတ်(၁)ကြိုတင်ကာကွယ်ခြင်း နေရာမှာတော့ တစ်ဦးချင်းရဲ့လိုက်နာမှုမိမိကိုယ်တိုင်သတိရှိမှု/ အသိရှိမှု ဒီလိုလုပ်မှဘဲ့ လျော့နည်းနိုင်မယ် လို့ထင်ပါတယ်၊ စစ်လို့ Positive ထွက်ရင်ဘာလုပ်မှာလဲ Negitive ထွက်ရင် ဘာလုပ်မှာလဲ အဓိကကိုယ်ရဲ့စိတ်ပါဘဲ့ခင်ဗျာ့ ၊ စိတ်နှင့်လည်းအများကြီးဆိုင်ပါတယ် ၊အဲကြောင့် Positive ထွက်ရင် လည်းစိတ်ဓာတ်ကျသွားရင်တော့ တိုက်ပွဲမရောက်ခင်မှာ မြှားကကုန်နေပြီ ကျွန်တော့အနေ နှင့်အဲလိုဘဲ့ယူဆပါတယ်ခင်ဗျာ။ဒီတော့ Positive ထွက်ရင်လည်း ကိုယ် ရဲ့နေထိုင်စား သောက်မှုဘဝ ကိုပုံမှန်အတိုင်းဆက်စားသောက်မယ် ၊ ပိုပြီးအားရှိအောင်နေမယ် ၊ လိုအပ်လို့ မောကြပ်ပြီး အောက်ဆီဂျင် ရှူရမယ်လို့ကိုယူဆလို့ရှိရင်လည်း အချိန်မရွေး ကျန်းမာရေးဌာနနှင့်ဆက်သွယ်ပြီး လိုအပ်တာလုပ်ရင် တော့ ဒီထက် ပိုပြီး တော ထိခိုက်တာတွေ နည်းမယ်လို့တော့ကျွန်တော်ယူဆပါတယ် ၊ အဲလိုကုသရာမှာဆိုလည်းကိုယ်ကိုတိုင် အသိနှင့် သတိနှင့် ကိုယ့်ကိုကိုယ် အနံ့ပျောက်ပြီဟုယူဆပါက မိမိရဲ့အသိနှင့်သတိနှင့် တတ်နိုင်သမျှ ပတ်ဝန်းကျင် နှင့်(၂) ပတ်အိမ်မှာသီးသန့်ခွဲနေ ပြီး ရောဂါလက္ခဏာခံစားရမယ်လို့ရှိရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်၊ အောက်ဆီဂျင်ရှူဖို့ လိုအပ်ရင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနနှင့်ဆက်သွယ်ပြီးတော့ပူးပေါင်း ဆောင်ရွက်စေလိုပါတယ်ခင်ဗျာ့။ နောက်ဆုံးပြောကြားလိုတာကတော့အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ပါ။ လူစုလူဝေးရှောင်ရှားပါ၊အပြင်ကပြန်လာပြီးတိုင်းလက်ကိုဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာအောင် လက်ဆေး စေ လိုပါတယ်ခင်ဗျာ့ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ့။
တွေ့ဆုံမေးမြန်းသူ- နှင်းမြူလွင် (ပလောက်ပြန်/ဆက်)