လယ်ဝေးမြို့နယ် မြွေရိုးလေးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေ(၂၉၄)သိန်း ထုတ်ချေး

 

လယ်ဝေး     ဩဂုတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေ(၂၉၄)သိန်း ကို ယမန်နေ့မွန်းလွဲ(၁)နာရီက လယ်ဝေး မြို့နယ် မြွေရိုးလေးကျေးရွာဘက်စုံသုံးခန်းမ၌ ပေး အပ်ခဲ့သည်။

အဆိုပါ ချေးငွေများအား ကျေးလက်နေပြည်သူများ တပိုင်တနိုင်စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရာတွင် အဆင်ပြေစွာ ရင်းနှီးမြုပ်နှံနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်သူရ၊ ဒုတိယဦးစီးမှူး ဒေါ်နီနီအေးနှင့် ဝန်ထမ်းများက သွားရောက်ကြီးကြပ်ဆောင်ရွက်ပြီး ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကော်မတီဝင်(၇)ဦးတို့က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် တောင်သူ (၃၃)ဦး၊ မွေးမြူရေး လုပ်ငန်း အတွက် (၂၀)ဦး၊ ကုန်ထုတ်လုပ်ငန်းအတွက် (၅)ဦး၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာလုပ် ငန်းများ အတွက် (၆၀)ဦး စုစုပေါင်းအသင်းသား/သူ အိမ်ထောင်စု(၁၁၈)စုကို ငွေကျပ် (၂၉၄) သိန်း ထုတ်ချေးပေးခဲ့သည်။

ထိုသို့ရရှိသော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများသည် အဆိုပါကျေးရွာတွင် အိမ်ခြေ (၁၀၁) အိမ်ထောင်စုအထက်ရှိသောကြောင့် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ရရှိကြောင်း သိရ သည်။

နေဇော်ချစ်(ပြန်/ဆက်)