နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်မှ ကုတင်(၃၀၀) အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ   ဇူလိုင်  ၂၆

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် ကုတင်(၃၀၀) ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများ၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောက်ဆီဂျင် စက်ရုံတည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ ကုတင်-၃၀၀ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် ဆောက်လုပ်ရေး အထူးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိသက်မွန်တို့က အောက်ဆီဂျင် စက်ရုံတည်ဆောက် ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြ ခဲ့ကြသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထားသည့် အဆောက်အဦးပိုင်း ဆိုင်ရာလုပ်ငန်းများ ၈၂% ပြီးစီးပြီဖြစ်ပြီး (၃)ရက်အတွင်းအပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူထားသည့် စက်ပစ္စည်း တပ်ဆင်ရေးအပိုင်းမှာ ဇူလိုင်လ ၂၈ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဩဂုတ်လ ပထမပတ်အတွင်း အောက်စီဂျင်ထုတ်ယူရရှိရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆန့် ၁၄၄၀အိုး ထုတ်ယူ သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)