မိုင်းဆတ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ယမန်နေ့နံနက်ပိုင်းက တင်မြင့်ရီကုမ္ပဏီမိသားစုမှ ငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း၊ ဇူလိုင်လ(၂၃)ရက်နေ့က ကုတင်(၁၀၀)ဆေးတပ်မှ ဗိုလ်မှူးသန်းဇော်လင်း+ ဒေါက်တာနော်မာဝင်းမိသားစုမှ ငွေကျပ်(၁)သိန်း၊ သွားနှင့်ခံတွင်းဆရာဝန်ဒေါက်တာသန်းဝင်း+ ဒေါ်မာလာစိုးနွယ်မိသားစုမှ ငွေကျပ်(၁)သိန်း၊ ဦဘဲလီ+ဒေါ်နန်းစံဖောင်းမိသားစုမှ ငွေကျပ်(၁)သိန်း၊ ယိင်းကုန်စုံဆိုင်မိသားစုမှ ငွေကျပ်(၁)သိန်း၊ ဦးသောင်းထွန်းမြင့်+ဒေါ်နန်းခင်သန်းအေး မိသားစုမှ ငွေကျပ် (၁)သိန်းနှင့် ဦးစိုင်းမိုးဇော်ဦး+ဒေါ်နန်းအုန်းမြ မိသားစုမှ ငွေကျပ်-၅၀၀၀ဝိ/ ကို ပေးအပ်လှူဒါန်းရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ကလည်းကောင်း၊ မြို့နယ်မြေစာရင်းမှ ငွေကျပ်(၁)သိန်း၊ ဦးအင်းခမ်း (မယ်နင်အုပ်ချုပ်ရေးမှူး)မှ ငွေကျပ်(၃)သိန်း၊ မဟုန်ကန် အုပ်ချုပ်ရေးမှူးမှ ငွေကျပ်-၁၀၀၀ဝိ/၊ ဦးအောင်ဆန်း+ဒေါ်ဂျဲနီ မိသားစုမှ ငွေကျပ်-၅၀၀၀ဝိ/၊ ဒေါ်နာဘိုရှီး (ကျဒယ်အုပ်ချုပ်ရေးမှူး)မှ ငွေကျပ်-၂၅၀၀၀ဝိ/၊ ဟိုနားကျေးရွာမှ ငွေကျပ်-၁၀၀၀ဝိ/နှင့် ဦးကျော်ဇင်ပြည့်စုံထွန်းမိသားစု(ကျဒယ်ရပ်ကွက်)မှ ငွေကျပ်-၃၀၀၀ဝိ/ ကိုပေးအပ်လှူဒါန်းရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော် ကလည်းကောင်း လက်ခံရယူခဲ့သည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း(၅၅၀)မတည် ပေးခဲ့ပြီး ဇူလိုင်လ(၂၅)ရက်နေ့အထိ စုစုပေါင်းလှူဒါန်းရရှိငွေကျပ်(၄၃၆)သိန်းကျော်ရှိပြီဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)