သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အောက်ဆီဂျင်များဖြန့်ဝေပေး

 
သုံးခွ ဇူလိုင် ၂၆
 
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မိုးကုတ်ဓမ္မရိပ်သာ (ကိုဗစ်-၁၉ကုသ ရေးစင်တာ)ရှေ့တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က အောက်ဆီဂျင်အိုးများ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
 
ထိုသို့ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဦးဆောင်သော မြို့နယ်အောက်ဆီဂျင် ဖြန့်ဝေရေးအထောက်အကူပြု ကော်မတီက (2000)Oxygen စက်ရုံ (လှိုင်သာယာအရှေ့ပိုင်း) မြို့နယ်ရှိစက်ရုံမှ သုံးခွမြိုနယ်အတွက် ထုတ်ယူခွင့် ရရှိသော လီတာ(၄၀)ဝင်အောက်ဆီဂျင်အိုး (၁၀) လုံးနှင့်အမှတ်(၆) ကာကွယ်ရေး စက်ရုံမှ ထုတ်ယူရရှိခဲ့သောလီတာ(၄၀) ဝင်အောက်ဆီဂျင်အိုး အလုံး (၂၀)စုစုပေါင်း အလုံး(၃၀)တို့အား မြို့နယ်ကိုဗစ်-၁၉ positive လူနာများထားရှိ သည့် ကိုဗစ်ကုသရေး စင်တာနှစ်ခုဖြစ်သည့်မြို့နယ် ပြည်သူ့ဆေးရုံးနှင့် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၊ ပရဟိတ အဖွဲ့များနှင့်မြို့နယ်အတွင်းရှိ ကျန်းမာရေး မကောင်းသဖြင့် အောက်ဆီဂျင် အသုံးပြုရန်လိုအပ်နေသောဝေ ဒနာရှင်များထံသို့ အောက်ဆီဂျင်များ အခမဲ့စနစ်တကျ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရှိရသည်။
 
မြို့နယ် ပြန်/ဆက်