မိုးမိတ် ဩဂုတ် ၁၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မိုးမိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးကောက်ခံရန် တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း လွှာများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများအားစိစစ်ခြင်းကို ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မြမြ ၊ အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်းနှင့် အဖွဲ့ဝင် (၁၅) ဦး တို့က မိုးမိတ် ခရိုင်အတွင်းရှိ မိုးမိတ်မြို့နယ်နှင့်မဘိမ်းမြို့နယ်များမှ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၊အမှတ်(၂) နေရာများအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ (၃၄)ဦး ၏ တင်သွင်းလွှာများ အား ဩဂုတ်လ ၁၁ ရက် မှ ၁၄ ရက်နေ့အထိ စိစစ်သွားမည်ဖြစ်ပြီး မိုးမိတ်ခရိုင်အတွင်း တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံရန် အမည် စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)