ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အောက်ဆီဂျင် လိုအပ်ချက်များတွင် အသုံးပြုရန် မိုင်းလား နယ်စပ်မှ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိ

ကျိုင်းတုံ        ဇူလိုင် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန် မိုင်းလားနယ်စပ်မှ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀) သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ကျိုင်းတုံမြို့သို့ ဇူလိုင် ၂၅ ရက်ကရောက်ရှိခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံရယူ ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဝယ်ယူသည့် အဆိုပါ အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀)သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူ ပြု အသုံးပြုနိုင်ရန် မိုင်းလားနယ်စပ်မှ ကျိုင်းတုံမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်