နမ္မတူ ဇူလိုင် ၂၅
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်အတွင်းရှိ ပါစပ်းနှင့်နှာခေါင်းစည်း (Mask) ဝယ်ယူအသုံးပြုရန်အခက်အခဲရှိသည့် အိမ်ထောင်စု (၆၀၀)စုသို့ (Mask)များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဗျူဟာအခြေချ နမ္မတူမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်းမှ ပါစပ်းနှင့်နှာခေါင်းစည်း (Mask) ဝယ်ယူအသုံးပြုရန် အခက်အခဲရှိသည့် နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက်မှ အိမ်ထောင်စု (၁၈၁)စု၊ နမ္မတူရပ်ကွက်မှ အိမ်ထောင်စု (၁၇၃)စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၆၁)စု၊ ဘော်တွင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၁၀)စု၊ ခိုမိုကျေးရွာအုပ်စုမှ အိမ်ထောင်စု (၄၀)စုနှင့် ကြူဆော့ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၃၅)၊ စုစုပေါင်း အိမ်ထောင်စု (၆၀၀)စုအတွက် တစ်အိမ်ထောင်လျှင် ပါစပ်နှင့်နှာခေါင်းစည်း (Mask) အခု (၅၀)နှုန်းဖြင့် စုစုပေါင်း (Mask) အခု (၃၀၀၀၀)ခုအားလည်းကောင်း၊ အဆိုပါရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု (၄)အုပ်စုတို့အတွက် တစ်ရွာလျှင် PPE ဝတ်စုံ (၅)စုံနှုန်းဖြင့် စုစုပေါင်း PPE ဝတ်စုံ (၃၀)စုံတို့အားလည်းကောင်း နမ္မတူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ နမ္မတူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းမှ ပါးစပ်နှင့်နှာခေါင်းစည်း ဝယ်ယူအသုံးပြုရန် အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများသို့ ပါးစပ်နှင့်နှာခေါင်းစည်း လက်ဝယ်အရောက်ရရှိစေရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (နမ္မတူ)