အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ဈေးရောင်းသူ နှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးကျော်သူဟန်၊ ဈေးများဌာနမှ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ အင်းစိန်ဈေးတာဝန်ခံ ဦးခင်ဇော်၊ လေဟာပြင်ဈေးတာဝန်ခံ ဒေါ်ဝါဝါမြင့်နှင့် ဈေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် အင်းစိန်ဈေးနှင့် လေဟာပြင် ဈေးအတွင်းသို့ သွားရောက်၍ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ၊ နှာခေါင်းစည်းများ တပ်ဆင် ထားခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသည့် ဈေးသည်များ အား ဈေးဌာန ဝန်ထမ်းများမှ ဒဏ်ကြေးပေးဆောင်စေခြင်းများဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)