အသက်(၆၀)နှစ်နှင့်အထက်ရှိသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစုရပ်များ၌စတင်ထိုးနှံ

မန္တလေး  ဇူလိုင်လ  ၂၆

ချမ်းမြသာစည်မြို့နယ် အတွင်းအသက်(၆၀)နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက်(၉)နာရီခွဲမှ စ၍ စုရပ်များ(၄)နေရာခွဲ၍ ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသောစုရပ်များမှာ အထက (၃၀) - ၆၄လမ်း၊ ၁၀၈နှင့် ၁၀၉လမ်းကြား၊ မြို့သစ်(၃)ရပ်ကွက်ရှိ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ ၆၆နှင့်၆၇လမ်းကြား၊ ၁၁၁နှင့် ၁၁၁(A)လမ်းကြား၊ မြို့သစ်(၅)ရပ်ကွက်ရှိ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း၊ ၆၆လမ်း၊ ၁၀၇နှင့်၁၀၈လမ်းကြား၊ မြို့သစ်(၂)ရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ၁၀၆လမ်း၊ ၆၅နှင့်၆၆လမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်ရုံး ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေး ထိုးနှံရာနေရာများသို့မ မြို့နယ်ထွေအုပ်၊ ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ Volunteers များမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူဦးရေ ၂၀၀ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်