ရှမ်းရွာသစ် ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ဆရာမများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းကို မေလပထမပတ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခု အခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ လုပ်ငန်းတွင် ဒေသခံကျေးလက်နေပြည်သူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနေထိုင်ရန် အခက် အခဲအဆင်မပြေမှုများ ကြုံတွေ့နေကြောင်းသိရ၍ ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ (၈၂) သိန်းဖြင့် ပူးနဂါးကုမ္ပဏီကတာဝန်ယူ၍ အလျား (၁၈) ပေ၊ အနံ (၂၄) ပေရှိ ဝန်ထမ်း အိမ်ရာတစ်လုံးကိုဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊ သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေးတို့ကို အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့သဖြင့် ဆရာ၊ ဆရာမများ မကြာမီ ကျောင်းဖွင့်ချိန်တွင် အဆင်ပြေစွာနေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)