လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက်ဆီဂျင်နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ယူနန်ဘုံ ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းတွင် Fully Light Company မှ ဦးစိန်မြင့်+ဒေါ်ရီရှို့မိသားစုမှ ငွေကျပ် တစ်ဆယ့်ခြောက်သိန်း တန်ရှိ ၄၀ လီတာ အောက်ဆီဂျင်အိုး(၈)အိုး၊ လားရှိုးမြို့ ယူနန်အမျိုးသမီးရေးရာအဖွဲ့မှ အောက်ဆီဂျင်၄၀ လီတာအိုး(၄၀) လုံး၊ အရက်ပြန်ပုံးကြီး (၂၀)ပုံး၊ ပိုးသတ်ဆေးပုံးကြီး(၂၀)ပုံးနှင့် PPE ဝတ်စုံများ (၁၅၀)စုံတို့အား ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့သည်။ အဆိုပါ လှူဒါန်းပစ္စည်းများကို လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာချို