လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေကြီးရေလျှံမှုများ မဖြစ်စေရေး အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Box Culvert များအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်၊ မြို့နယ်/ရပ်ကျေးဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှု သည်။
ထိုသို့ကြည့်ရှုရာတွင် ပြည်ထောင်စုဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၉) ရပ်ကွက်၊ အမှတ်(၁၀) ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်များတွင် Box Culvert များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အရည်အသွေးပြည့်မီရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)