ထားဝယ်ခရိုင်အတွင်း အောက်ဆီဂျင်အခက်အခဲမရှိအောင် ဆောင်ရွက်ပေးလျက်ရှိ​ပြီး ၂၄ နာရီအတွင်း အလုံးရေ(၁၀၀)ထွက်ရှိနိုင်သော စက်ကိုမှာယူထားရှိ

ထားဝယ်    ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် (၄) အား အောက်ဆီဂျင် အခက်အခဲ မရှိစေရေးအတွက် ထားဝယ်မြို့၊ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်း ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းအာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့တာဝန်ခံ ဦးအောင်မြင့် ထံမှသိရသည်။

 "ထားဝယ်(၄)မြို့နယ်အတွင်းအောက်ဆီဂျင် အခက်အခဲ ဖြစ်နေတဲ့ လူနာများအား အောက်ဆီဂျင် အလွယ်တကူရရှိနိုင်အောင် အောက်ဆီဂျင် စက်ရုံကို ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီး   အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ကိုတော့ ၂၀၀၈ ခုနှစ်မှာ  ထားဝယ်မြို့၊ဆီဆုံဆရာတော် ဦးတေဇဝံသ ဦးစီးပြီး၊ ထားဝယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံ တက်နေကြတဲ့  အောက်ဆီဂျင်အခက်အခဲ ရှိသောလူနာတွေ အဆင်ပြေစွာသုံးစွဲနိုင်ဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်" ဟု အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့တာဝန်ခံ ဦးအောင်မြင့်က ပြောပြပါတယ်။

အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့အနေဖြင့် အောက်ဆီ ဂျင်လိုအပ်နေသောဆေးရုံ၊ဆေးခန်းများနှင့် အိမ်မှာနေသောလူနာ၊အရေးပေါ် လူနာတင်ကားများ စသည့်တို့ကိုလှူဒါန်းပေးနေကြောင်းသိရသည်။ ထားဝယ် (၄) မြို့နယ်အပြင် ပုလော၊ပလောက်၊ ပလဆေးရုံ ဆေးခန်းအပါအဝင် ကံပေါက်ဆေးရုံ၊တပ်မတော်ဆေး ရုံ၊အစရှိသောဆေးရုံများကို လှူဒါန်းပေးနေကြောင်း၊ ယခုအရေးပေါ်ကာလအတွင်း ထားဝယ် ၊ သရက်ချောင်း၊ ရေဖြူ နှင့်  ကုတင်(၁၀၀)ဆေးရုံများက လိုအပ်သည့် အောက်ဆီဂျင်များ လာရောက်ဖြည့်ကြောင်း၊ပြင်ပက လာရောက်ဖြည့်သော လူနာများအတွက်အောက်ဆီဂျင်ကို  အလှည့်ကျဖြည့်ပေးကြောင်း အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး အဖွဲ့၊ အာယုဒါနအောက်ဆီဂျင် ထုတ်စက်ရအနေဖြင့် ၂၄ နာရီအတွင်း  (၄၀)လီတာဝင် အောက်ဆီဂျင်အိုးအလုံးရေ (၄၀)ထွက်ရှိ ကြောင်းသိရသည်။

ထားဝယ်ပြည်သူ့ဆေးရုံကြီးအတွက် အောက်ဆီဂျင်အပြည့်အဝထောက်ပံ့ပေးနေကြောင်း၊ လတ်တလောလိုအပ်ချက်အရဆေးရုံကြီး၏လိုအပ်ချက်ပြည့်မီနိုင်ရေးအတွက် မြိတ်ဆေးရုံတွင် အောက်ဆီဂျင်ဖြည့်တင်း နေရပြီး ပထမအခေါက်အလုံးရေ(၁၀၀) ဒုတိယ(၃၅)လုံး၊တတိယ (၁၀၀)လုံး၊ စတုတ္ထ (၁၄၂)လုံး အောက်ဆီဂျင် ဖြည့်တင်းနေရကြောင်း၊ စက်ရုံကအောက်ဆီဂျင် မလုံလောက်သဖြင့်ပြည်သူအများ လုံလုံလောက်သုံးစွဲနိုင်ရေးအတွက် ၂၄ နာရီအတွင်း အလုံးရေ (၁၀၀)ထွက်ရှိသောစက်ကိုမှာယူ ကာစီစဉ် ဆောင်ရွက်ရှိထားကြောင်း အာယုဒါနပါရမီ မြောက် ကုသိုလ်ဖြစ်အရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ တာဝန်ခံဦးအောင်မြင့် ထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)