တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသဖြင့် တနင်္သာရီ မြစ်ရေ(၁၄)ပေ အထိ မြင့်တက်လာ

တနင်္သာရီ ဇူလိုင် ၂၅ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယအပတ် အတွင်း မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေသဖြင့် တနင်္သာရီမြစ်ရေသည် ဇူလိုင် လ၂၅ရက်နေ့ နံနက် ၆နာရီအချိန် တိုင်းတာ ချက်အရ (၁၄-ပေ ) (၄၂၆.၇၂-cm) သို့ ရောက် ရှိနေပြီဖြစ်သည်။ တနင်္သာရီမြို့၏ စိုးရိမ်ရေရေအမှတ်မှာ (၁၇- ပေ)(၅၁၈.၁၆-cm) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ(၂၄ပေ)(၇၃၁.၅၂-cm) ဖြစ်ရာ ယခုအချိန်တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေသာ လိုတော့ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ တတိယပါတ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ခြင်းကြောင့် ထားဝယ်ခရိုင် - မေတ္တာမြို့တွင် မိုးသည်းထန်ခဲ့ခြင်းကြောင့် မေတ္တာမြို့အနီးရှိ ဘန်ချောင်မြစ်မှ မြစ်ဖျားခံစီးဆင်းနေသော တနင်္သာရီမြစ်၏ မြစ်ရေများ စတင်မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်ဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်းသည် ပင်လယ်ဒီရေတက်သောရက်ဖြစ်သဖြင့် ဒီရေ တက်ချိန်နှင့်ဆုံပါက ယခုထက်မြစ်ရေပိုမိုကြီး နိုင်ကြောင် သိရှိရသည်။ နန်းသာရီ-ထိန်ဝင်း