မိုင်းငေါ့ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ၌ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ထို့သို့ ဆောင်ရွက်ရာတွင် အသက်(၆)လမှ အသက်(၅) နှစ်အထိကလေးငယ်များအား ဗီတာမင်အေ တိုက် ကျွေးခြင်းနှင့် အသက် (၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်းကို မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာအုပ်စု ကွန်ကောက်၊ ကွန်ကျင်၊ မန်လွယ်ကျေးရွာရှိ ကလေးငယ်များအား ကျန်းမာရေး ဆရာမဒေါ်နန်းခင်မျိုးဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများ က အလေးထား ဆောင်ရွက်ရန် အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)