ကာလိ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်စေရန်အတွက် ယနေ့ ညနေ ၄နာရီခန့်က လမ်းဆုံလမ်းခွများ၌ ရှမ်း၊ မြန်မာ (၂)ဘာသာဖြင့် အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာလိမြို့ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင် ဆောင်ရွက်သွား ကြရန် ပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။