မိုးမောက် ဇူလိုင် ၂၅
မိုးမောက်မြိုနယ်၊ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ခေတ္တမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး မံစီမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းသန့်နှင့် မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးဆန်းနိုင်တို့၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်က လိုအပ်နေသည့်အချိန်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းဖြစ်သည့်အတွက် ကောင်းမွန်ပါကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးအသိ ကျန်းမာရေးသတိနှင့် နေထိုင်ရန် ပြောကြားပြီး ကျန်းမာရေဝန်ထမ်း (၆) ဦး၊ ပညာရေးဝန်ထမ်း (၇)ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ဒုတိယအကြိမ် ထိုးနှံခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်း (၆)ဦး၊ ပညာရေးဝန်ထမ်း (၉)ဦးအား (၂၅.၆.၂၀၂၁) ရက်နေ့တွင် ပထမအကြိမ် ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရာတွင် ပညာရေးဝန်ထမ်း(၂)ဦးက ကျန်းမာရေးမကောင်းပါသဖြင့် ရက်ရွေ့ဆိုင်း၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ယနေ့တွင် လွယ်ဂျယ်မြို့တွင် (၁၆)ဦး၊ ဒေါ့ဖုန်းယန်မြို့တွင် (၁၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်ထံမှ သိရှိရသည်။