မြို့မိမြို့ဖများနှင့် စေတနာရှင်များ စုပေါင်း၍ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လွယ်ဂျယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်း

လွယ်ဂျယ်  ဇူလိုင်  ၂၅

ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ မြို့မိမြို့ဖများ စုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ငန်းမားတွင်အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် ၁၅ လီတာဆန့် အောက်ဆီဂျင်အိုး အလုံး(၃၀)နှင့် ၅ လီတာဆန့် အိမ်သုံး Oxygen Concentrator (၇)လုံး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်းတစ်ရာခန့်ကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေ (၃)နာရီက လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ (၃၅)ဦးရှိ၊ သေဆုံးသူ(၁) ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ (၄)ဦး ဆေးကုသမှု ခံယူနေသူ (၃၀)ဦးရှိကြောင်း လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရပြီး အဆိုပါအလှူရှင်များက ပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် အောက်ဆီဂျင် အိုးများကို ဆက်လက်လှူဒါန်းပေးသွားမည်ဟုလည်း သိရပါသည်။

လွယ်ဂျယ် ပြန်ဆက်