ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တောင်ကြီး ဇူလိုင် ၂၅ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပေးကြကြောင်း သိရသည်။ အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်မှုတွင် တောင်ကြီးမြို့ပေါ်ရှိ မူလမင်းကွန်းဘုန်းကြီးကျောင်း၊ ဘုရားကြီး အနောက်ကျောင်း၊ ဘုရားကြီးအတွင်းကျောင်း၊ တောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်းတို့အား ဝါဆိုသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းပေးကြကြောင်း နှင့် တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၁၉) ကျောင်းရှိ သံဃာတော်များ အတွက်သင်္ကန်း(၇၁၆)စုံ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။ မောင်မောင်သန်း