ဖားကန့် ဇူလိုင် ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း Stay At Home သတ်မှတ်ကြေငြာထားသည့် အသိပညာပေး ဗီနိုင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ရန် အတွက် လမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများနှင့် မြို့အဝင်ဂိတ်များဖြစ်သော နေရာများတွင် ဗီနိုင်းများ ချိတ်ဆွဲခြင်းဖြင့် အသိပညာပေးခြင်းလုပ်ငန်းကို ဇူလိုင်(၂၃)ရက် နေ့လယ် (၂)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် ၂၉၃/၂၀၂၁ ဖြင့် ဖားကန့်မြို့နယ်အား Stay At Home သတ်မှတ်ကြေညာထားရှိမှုအပေါ် အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အတွက် ဗီနိုင်းများ ချိတ်ဆွဲ၍ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နေရာများမှာ လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မော်ဝမ်း ရပ်ကွက်ရှိ ပန်းတင်တံတားအနီး၊ မော်ဝမ်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေး၊ ငှက်ပျောတော ရပ်ကွက်ရှိ မြို့မရဲစခန်းရှေ့၊ မရှိကထောင်ရပ်ကွက်ရှိ ကျောက်စိမ်းတောင်တံတားနှင့် ဆိပ်မူကျေးရွာရှိ လူစည်ကားရာနေရာများတွင် အသိပညာပေးဗီနိုင်းများကို ချိတ်ဆွဲ၍ အသိ ပညာပေးခဲ့ကြောင်း သိရှိရသည်။