ဒေါ့ဖုန်းယန် ဇူလိုင် ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား အများပြည်သူတို့ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ကြစေရေးကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ ယနေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များ နှင့် လူအများသွားလာလှုပ်ရှားလျက်ရှိသော စျေးတို့၌ Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပေးနှိုးဆော်ရာတွင် မြန်မာ၊ ကချင် ဘာသာစကားဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် လတ်တလော ဖြစ်ပွားနေသည့် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေးအတွက် မြို့အတွင်း မီတင်း နေထိုင်ကြ သော မိဘပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မိမိတို့အိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် ပြောဆိုနေထိုင်ရန်နှင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းများကို မပြုလုပ်ကြရန် အသိပေး နှိုးဆော်ခြင်းများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စေရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်