မန္တလေး ဇူလိုင် ၂၄
ကိုဗစ်အတည်ပြုလူနာများကုသရာတွင်အသုံးပြုရန် လီတာ ၄၀ Oxygen Clyinder အလွတ်ဘူး ၁၂၀၀ နှင့် Liquid Oxygen ၅ တန်လှူဒါန်း ဇူလိုင်လ ၂၃ရက်နေ့ ၂၃ရက်နေ့ ညနေ ၄နာရီက မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ပြုလုပ်သည်။
ထိုသို့ လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီမှ လှူဒါန်းသည့် လီတာ ၄၀ Oxygen Cylinder အလွတ်ဘူး ၁၂၀၀ နှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ကိုးကန့်လူမှု ဖွံ့ဖြိုးရေးအသင်းမှ အရည်သယ် ယာဉ်ဖြင့် ဝယ်ယူလှူဒါန်းသည့် Liquid Oxygen ၅ တန် တို့နှင့် ပတ်သက် သည့် စာရွက်စာတမ်းများကို ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုရန်ပုံငွေရှာဖွေရေးကော်မတီမှတာဝန်ရှိသူများကလွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့ကလက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ယင်းတို့ကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီအစီအစဉ်ဖြင့် အလှူရှင်များမှ လှူဒါန်းခြင်း ဖြစ်ကြောင်း၊ လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက ်ရေး အထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ COVID-19 ရောဂါစစ်ဆေးခြင်း၊ ကုသခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းတာဝန်များအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်