လောက်ကိုင် ဇူလိုင် ၂၄
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာ များစုပေါင်းကာ (၁၁)ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကိုအမှတ်−၃၊ ရပ်ကွက်မဟာ မုနိဘုန်းကြီးကျောင်း၌ ယမန်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြားဖိတ်ကြားထားသောဧည့်သည်များ၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ကို ဖွင့်လှစ်ပါသည်။
ဆက်လက်ပြီး လောက်ကိုင်မြို့ မန်ချူးတပ်ဦး ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ သာသနာတက္ကသီလဓမ္မာစရိယ ဘဒ္ဒန္တဝေပုလ္လအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်နာယူခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမြင့်ဆွေမှ လောက်ကိုင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း(၃၂)ကျောင်းရှိ ရဟန်း/သာမဏေ/ သီလရှင်စုစု ပေါင်းအပါး(၃၇၅)ပါးအတွက် ဝါဆိုသင်္ဃန်း အလှူတော်ငွေယွမ် (၃၇၅၀၀/−)တိတိ ဆက်ကပ်လှူ ဒါန်းခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ဦးမိုးဇော်လတ်မှ ကုန်းကြမ်းမြို့နယ်အတွင်းဘုန်း တော်ကြီးကျောင်းပေါင်း (၂၅)ကျောင်းရှိရဟန်း /သာမဏေ/သီလရှင်စုစုပေါင်းအပါး(၁၀၁)ပါးအတွက်ဝါဆိုသင်္ဃန်းအလှူတော်ငွေယွမ်(၁၀၁၀၀/−)တိတိ ဆက်ကပ်လှူဒါန်းခြင်း၊ ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်၊ ဦးသော်နောင်မှ ဝါဆိုသင်္ဃန်းနှင့်လှူဖွယ် ဝတ္တုပစ္စည်းဆက်ကပ်လှူဒါန်းခြင်း၊ လောက်ကိုင်မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ဝါဆိုသင်္ဃန်း နှင့်လှူဖွယ်ဝတ္တု ပစ္စည်းဆက်ကပ်လှူဒါန်းခြင်း၊ လောက်ကိုင်မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ ဒေါ်ချောချောအေးမှ ချင်းရွှေဟော်မြို့ ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်း ရှိရဟန်း/သာမဏေ/ သီလရှင်စုစုပေါင်းအပါး(၁၅)ပါး အတွက် ဝါဆိုသင်္ဃန်း အလှူတော်ငွေယွမ်(၁၅၀၀/−) တိတိဆက်ကပ်လှူဒါန်းခြင်း၊ ကုန်းကြမ်းမြို့နယ ်စီမံခန်းခွဲမှုအဖွဲ့ဝင်၊ ဦးမောင်မောင်မှဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုငွေ မြန်မာငွေ (၈၀၀၀၀၀/−နှင့် တရုတ်ယွမ်ငွေ (၄၉၇၅၀)တိတိ စသဖြင့် အသီးသီးဆက်ကပ်လှူဒါန်းကြပါသည်။
ထပ်မံ၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဒေသအတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၆၀)ကျောင်းသို့ဝါတွင်း(၃)လအတွက် တစ်လလျှင် ဆန်တစ်အိတ် နှုန်း ဖြင့်အလှူတော်ငွေ မြန်မာကျပ်ငွေ (၈၆၄၅၀၀၀/−)လှူဒါန်းခဲ့ကြောင်း လှူဒါန်းမှုအစုစု တန်ဖိုးအနေဖြင့် စုစုပေါင်းမြန်မာငွေကျပ် (၉၄၄၅၀၀၀/−)နှင့် တရုတ်ယွမ်ငွေ(၄၉၇၅၀/−) တိတိတို့အားရေစက်သွန်းချ အမျှဝေလှူဒါန်းခဲ့ကြောင်း၊ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြပြီးအခမ်းအနားအပြီးတွင် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ကြောင်း သတင်းရရှိပါသည်။
နန်းမြမြ၀င်း